Women’s Voice and Leadership (WVL) Myanmar ၏ ကာလရှည်ရန်ပုံငွေနှင့်ထောက်ပံ့မှုကို ရရှိလိုသော အဖွဲ့အစည်းများသည် အောက်ပါအရည်အချင်းများနှင့်ပြည့်မီကြောင်း ပြသနိုင်ရမည်။
၁။ မြန်မာနိုင်ငံတွင် အခြေစိုက်ရမည်။ နယ်စပ်ဒေသတွင် အခြေစိုက်သောအဖွဲ့အစည်းများအကျုံးမဝင်ပါ။
၂။ အမျိုးသမီးများအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်း (သို့) ကွန်ရက်ဖြစ်ရမည်။ ဆိုလိုသည်မှာ
၃။ သင့်အဖွဲ့အစည်းသည် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃နှစ်ရှိသော ရန်ကုန် အခြေစိုက် တက်သစ်စ အမျိုးသမီးအခွင့်အရေး အဖွဲ့/ကွန်ရက်၊ (သို့မဟုတ်) လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၃နှစ်ရှိသော ပြည်နယ်နှင့် တိုင်းဒေသတွင် အခြေစိုက် အမျိုးသမီးအခွင့်အရေး အဖွဲ့/ ကွန်ရက် ဖြစ်သည်။
၄။ သင့်အဖွဲ့အစည်းသည် ကွန်ရက်ဖွဲ့ခြင်းနှင့် မဟာမိတ်ပြုခြင်း /လှုပ်ရှားမှု တည်ဆောက်ရေးကို ဂရုပြု ဗျုဟာထားရှိသည်။ လျှောက်ထားသူများအားလုံးသည် WVL Myanmar မှ တဆင့် အခြားအမျိုးသမီးအခွင့်အရေးအဖွဲ့များ၊ လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်။
၅။ သင့်အဖွဲ့အစည်းသည် အောက်ပါကိစ္စများကို လက်တွေ့သေချာစွာ ပါဝင်လုပ်ဆောင် နိုင်ရမည်။
၆။ သင့်အဖွဲ့အစည်းသည် ပဋိပက္ခဖြစ်လွယ်မှုအလေးထားခြင်း (conflict sensitivity)ကို နားလည်သိရှိသည်။ လျှောက်ထားသူအားလုံးသည် အဖွဲ့အစည်းတွင်းတွင်ဖြစ်စေ၊ စီမံကိန်း များတွင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်မှုတွင်ဖြစ်စေ၊ ပဋိပက္ခဖြစ် လွယ်မှု အလေးထားခြင်းကို သိရှိနားလည်အသုံးပြုနေသည်။
၇။ သင့်အဖွဲ့အစည်းသည် အန္တရာယ်ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲရန်အစီအစဉ်ရေးဆွဲခြင်းကို နားလည်သိရှိသည်။ လျှောက်ထားသူများသည် ၎င်းတို့ အဖွဲ့အစည်း၊ လုပ်ကိုင်သောနယ်မြေ၊ အကြောင်းအရာ များနှင့်ပတ်သက် ၍ ဖြစ်ပေါ် လာနိုင်သော နိုင်ငံရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာများနှင့် ဆက်နွယ်သော အန္တရာယ်ကျရောက် နိုင်ခြေများအား စီမံခန့်ခွဲရန် အစီအစဉ် ရေးဆွဲခြင်းကို သိရှိသည်။

- အဖွဲ့အစည်း/ကွန်ရက်ကို အမျိုးသမီးများ၊မိန်းကလေးများက ဦးဆောင် အုပ်ချုပ်သည်။
- အဖွဲ့အစည်း/ကွန်ရက်သည်မြန်မာနိုင်ငံရှိအမျိုးသမီးအားလုံးအတွက်အခွင့်အရေးနှင့် ကျား၊မတန်းတူညီမျှရေးကို အဓိကဦးစားပေး လုပ်ဆောင်သည်။ ဤအရည်အချင်းကို ကျား၊မအခွင့်အရေးကို ကွာခြားစေသည့် အဓိက ပြဿနာများနှင့် အာဏာဖွဲ့စည်းပုံများကို သိရှိ၍ ပြောင်းလဲလိုကြောင်း အပေါ်အခြေခံထားရမည်။
၃။ သင့်အဖွဲ့အစည်းသည် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃နှစ်ရှိသော ရန်ကုန် အခြေစိုက် တက်သစ်စ အမျိုးသမီးအခွင့်အရေး အဖွဲ့/ကွန်ရက်၊ (သို့မဟုတ်) လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၃နှစ်ရှိသော ပြည်နယ်နှင့် တိုင်းဒေသတွင် အခြေစိုက် အမျိုးသမီးအခွင့်အရေး အဖွဲ့/ ကွန်ရက် ဖြစ်သည်။
၄။ သင့်အဖွဲ့အစည်းသည် ကွန်ရက်ဖွဲ့ခြင်းနှင့် မဟာမိတ်ပြုခြင်း /လှုပ်ရှားမှု တည်ဆောက်ရေးကို ဂရုပြု ဗျုဟာထားရှိသည်။ လျှောက်ထားသူများအားလုံးသည် WVL Myanmar မှ တဆင့် အခြားအမျိုးသမီးအခွင့်အရေးအဖွဲ့များ၊ လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်။
၅။ သင့်အဖွဲ့အစည်းသည် အောက်ပါကိစ္စများကို လက်တွေ့သေချာစွာ ပါဝင်လုပ်ဆောင် နိုင်ရမည်။
- (က) အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရန် အထောက်အပံ့ လျှောက်ထားသူများ သည် ၎င်းတို့အဖွဲ့အစည်း၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ စောင့်ကြည့် လေ့လာခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်း အပါအဝင်၊ ရေရှည် တည်တံ့မှုများ ပိုမိုတိုးတက် လာရန် လုပ်ဆောင်လိုသော စိတ်ဆန္ဒရှိရမည်။ WVL Myanmar အနေဖြင့် ထိုသို့ ဖြစ်မြောက်ရေး အတွက် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရန် ဆန်းစစ်ခြင်း များဖြင့် ထောက်ပံ့မှု များ ပေးပါမည်။
- (ခ) လုပ်ငန်းစဉ် မဟာဗျုဟာ ပြန်လည် စစ်ဆေးမှု၊ သုံးသပ်မှု နှင့် စဉ်ဆက်မပျက်သင်ယူခြင်း။ လျှောက်ထားသူများသည် WVL Myanmar မှပေးသော မဟာ ဗျူဟာရေးဆွဲရန် အထောက်အပံ့ အစရှိသည့်အထောက်အပံ့များကိုအသုံးချကာ ၎င်းတို့အဖွဲ့အစည်း၏ လုပ်ငန်းအစီအစဉ်များကို မဟာဗျူဟာကျကျ ဆန်းစစ်သုံးသပ်မှု၊ ပြုပြင် ပြောင်းလဲမှု နှင့် အားကောင်းလာစေရန် ပြုလုပ်လိုစိတ်ဆန္ဒရှိရမည်။