Women's Voice and Leadership Myanmar
  • HOME
  • ABOUT
  • APPLY
    • Eligibility Criteria
  • CONTACT
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • လျှောက်ထားရန်
    • လျှောက်ထားရန် လိုအပ်ချက်များ
  • ဆက်သွယ်ရန်

လျှောက်ထားရန်

ဘယ်လို ရန်ပုံငွေနှင့် ထောက်ပံ့မှုများရရှိနိုင်ပါသလဲ။

Women’s Voice and Leadership (WVL) Myanmar ၏ ကာလရှည် ရန်ပုံငွေနှင့် ထောက်ပံ့မှုသည် အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁ဝ ခုခန့်အား အဓိကနယ်ပယ် (၄)ခု တွင် ကူညီထောက်ပံ့ပါမည်။

၁။ ၄နှစ်တာ (၂ဝ၂ဝခုနှစ်မှ ၂ဝ၂၃ခုနှစ်အထိ) အတွက် ပြောင်းလွယ်ပြင်လွယ်၍ အဓိကကျသော ရုံးလည်ပတ်ရန် နှင့် လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေ ထောက်ပံ့မှု
၂။ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် အခြေအနေများတွင် အချိန်နှင့် တပြေးညီ မဟာဗျူဟာကျကျ စနစ်တကျတုံ့ပြန်ရန် နှင့် ဆန်းသစ်သော စိတ်ကူးသစ်များကို စတင်ရန်အတွက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည့် ရန်ပုံငွေ ထောက်ပံ့မှု
၃။ ဆောင်ရွက်ချက် စွမ်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ရေရှည်တည်တံ့မှုအတွက် အဖွဲ့အစည်းတိုးတက်မှု အားကောင်းစေရန်နှင့် မဟာဗျူဟာရေးဆွဲရန် ရန်ပုံငွေထောက်ပံ့မှု
၄။ ပြောင်းလဲခြင်းသို့ဦးတည်စေမည့် အမျိုးသမီးများ စုပေါင်းဆောင်ရွက်မှုကို အားပေးလုပ်ဆောင်နိုင်ရန် ကွန်ရက်များဖွဲ့ခြင်း၊ မဟာမိတ်ပြုခြင်းများနှင့် လှုပ်ရှားမှုများ အားကောင်းစေရန် အတွက်ရန်ပုံငွေ ထောက်ပံ့မှု

ရန်ပုံငွေကို ဘယ်သူတွေလျှောက်ထားနိုင်ပါသလဲ။

WVL Myanmar ၏ ကာလရှည်ရန်ပုံငွေနှင့် ထောက်ပံ့မှုကို မြန်မာနိုင်ငံတွင် အခြေစိုက်သော အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ကွန်ရက်များ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမည့် အဖွဲ့ အစည်းများသည် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃နှစ်ရှိသော ရန်ကုန် အခြေစိုက် တက်သစ်စ (သို့မဟုတ်) အခြား ပြည်နယ်နှင့် တိုင်းဒေသ အခြေစိုက် အမျိုးသမီးအခွင့်အရေး အဖွဲ့/ ကွန်ရက်
​ဖြစ်ရမည်။

လျှောက်ထားရန် လိုအပ်သော အရည်အချင်းများအားလုံးကို ဤနေရာတွင်
ဖတ်ရှုနိုင်ပါသည်။ 
Picture

ဘယ်လိုလျှောက်ထားနိုင်ပါသလဲ။

(အဆင့် ၁) ကာလရှည်ရန်ပုံငွေနှင့် ထောက်ပံ့မှု ရန်ပုံငွေ လျှောက်လွှာ  ပေးပို့ ရက် ပြီးဆုံးပါပြီ။

အရည်အချင်းပြည့်မှီသော အဖွဲ့အစည်းများသည် (အဆင့် ၁) ကာလရှည်ရန်ပုံငွေနှင့် ထောက်ပံ့မှု ရန်ပုံငွေ လျှောက်လွှာကို ဖြည့်စွက်ရမည်။ ထိုရန်ပုံငွေ လျှောက်လွှာတွင် အပိုင်း (၃)ပိုင်းပါဝင်ပါသည်။
  • အပိုင်း(က) လျှောက်ထားရန်အရည်အချင်းပြည့်မှီကြောင်း အတည်ပြုချက်
  • အပိုင်း(ခ) ရန်ပုံငွေ လျှောက်လွှာ အနှစ်ချုပ်
  • အပိုင်း(ဂ) ခန့်မှန်းတွက်ချက်ထားသော ဘတ်ဂျက်
ရန်ပုံငွေ လျှောက်လွှာ၏ အပိုင်း(၃)ပိုင်းစလုံး ပြည့်စုံစွာဖြည့်စွက်ထားသော အဖွဲ့အစည်းများ၏ လျှောက်လွှာများကိုသာ ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါသည်။
​

အဆိုပြုလွှာများကို ဘယ်လိုဆုံးဖြတ်ပါမလဲ။နောက်ထပ်ဘာဆက်လုပ်ရပါမလဲ

အဆင့် ၁ အဆိုပြုလွှာများကို NIS ဝန်ထမ်းများ ပါဝင်ဖွဲ့စည်းထားသည့် WVL Myanmar အုပ်ချုပ်ရေးအဖွဲ့မှ ရန်ပုံငွေထောက်ပံ့ရန် အရည်အချင်းပြည့်မီမှုကို ဆန်းစစ်ပြီး ဆုံးဖြတ်ပါမည်။ ဆုံးဖြတ်မှုသည် အဆိုပြုလွှာများ၏ ထောက်ပံ့ရန် အရည်အချင်းပြည့်မီမှု၊ ခန့်မှန်းတွက်ချက်ထားသော ဘတ်ဂျက်သည် အဖွဲ့အစည်း၏ အရွယ်အစားနှင့်လုပ်ဆောင်နိုင်ကြောင်း အကျိုးအကြောင်းဆီလျော်မှုနှင့် သင့်တင့်မှု အပေါ်မူတည်ပါမည်။

WVL Myanmar အဖွဲ့မှ ဇကာတင်စာရင်းဝင်သည့် အဖွဲ့အစည်းများကို အဆိုပြုလွှာအပြည့်အစုံကို လျှောက်ရန် ထပ်မံဖိတ်ခေါ်မည်ဖြစ်ပါသည်။ လျှောက်ထားသူများသည် အဆိုပြုလွှာနှင့် ပတ်သက်သော အခြေအနေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် သိရှိမည်ဖြစ်ပါသည်။
Picture
©Copyright 2019 Women’s Voice and Leadership Myanmar
  • HOME
  • ABOUT
  • APPLY
    • Eligibility Criteria
  • CONTACT
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • လျှောက်ထားရန်
    • လျှောက်ထားရန် လိုအပ်ချက်များ
  • ဆက်သွယ်ရန်