Women’s Voice and Leadership (WVL) Myanmar ဆိုတာဘာလဲ။
WVL Myanmar သည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့အစည်းများ စွမ်းဆောင်ရည်ပြည့်ဝရန်နှင့် ရေရှည်တည်တံ့ရေးအတွက် ရန်ပုံငွေထောက်ခံခြင်း၊ အကူအညီပေးခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပြီး၊ ထိုမှတဆင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ ဘဝပိုမိုကောင်းမွန်စေရန် အပြောင်းအလဲကို ဖော်ဆောင်ပေးသည့် လှုပ်ရှားမှု ဖြစ်ပေါ်လာစေရန် ထောက်ပံ့သော အဖွဲ့အစည်းဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့အစည်းများအတွက် ဤထောက်ပံ့မှုများကို ကျား၊မတန်းတူညီမျှရေးအတွက် အရေးအကြီးဆုံးဟု ကမ္ဘာအနှံ့တွင်သက်သေရှိသည့် အဓိက ကဏ္ဍ(၄) နေရာတွင် ပေးလျှက်ရှိပါသည်။

ပြောင်းလွယ်ပြင်လွယ်သော
အဓိက ရေရှည်
ရန်ပုံငွေ ထောက်ပံ့မှု

လျင်မြန်စွာတုံ့ပြန်
ဆောင်ရွက်ပေးနိုင်မည့်
ရန်ပုံငွေ ရရှိနိုင်မှု

အဖွဲ့အစည်း၏
စွမ်းဆောင်ရည်
တိုးတက်ပြည့်ဝစေမှု

ကွန်ရက်များနှင့်
လှုပ်ရှားမှုများ အားကောင်း
လာစေရန် ထောက်ပံ့မှု
Why we provide long-term funding and support.
ကမ္ဘာအနှံ့ သက်သေအထောက်အထားများအရ အမျိုးသမီးအရေး လှုပ်ရှားမှုများနှင့် အဖွဲ့အစည်းများသည် ကျား၊မတန်းတူညီမျှရေး တိုးတက်ရေးအတွက် အလွန်ပင်အရေးပါကြောင်းတွေ့ရှိရပါသည်။ သို့သော်လဲ ဤအဖွဲ့အစည်းများသည် ကမ္ဘာအနှံ့ ကျား၊မတန်းတူညီမျှရေး ထောက်ပံ့ငွေအားလုံး၏ (၁) ရာခိုင်နှုန်းကိုသာ ရရှိနေကြပါသည်။ ရရှိနိုင်သော ထောက်ပံ့ငွေများကလဲ ကာလတိုနှင့် စီမံကိန်းအလိုက်သာ ဖြစ်ပါသည်။ ဤကဲ့သို့ တစ်စိတ်တစ်ပိုင်းသာ ပါဝင်သည့် အပေါ်ယံထောက်ပံ့မှုများသည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးနှင့် လုပ်ကိုင်နိုင်မှုပိုမိုများပြားလာရေးအတွက် ရေရှည်အထောက်အကူမဖြစ်ပါ။
Global Affairs Canada သည် ယခုလက်ရှိ ရန်ပုံငွေပေးသည့် ထုံးစံနည်းလမ်းများကို ကမ္ဘာအနှံ့ရှိသော ယင်းတို့၏ Women’s Voice and Leadership ပဏာမခြေလှမ်းဖြင့် ရှေ့ဆောင်ပြောင်းလဲနေပါသည်။ ဤစီမံကိန်းသည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများအတွက် အဓိကကျသော ကာလရှည်ရန်ပုံငွေနှင့် အဖွဲ့အစည်းပိုမိုကြီးပွားရေးအတွက်အထောက်အကူဖြစ်မည်ဖြစ်သည်။ ဤရန်ပုံငွေဖြင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုများနှင့် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းသည် ပိုမို သန်မာလာ၊ ပိုမိုဒဏ်ခံလာနိုင်ပြီး အချင်းချင်း အချိတ်အဆက်ပိုမိုရရှိလာမည်ဖြစ်သောကြောင့် ယခုလက်ရှိ ကျား၊မရေးရာ ဆက်ဆံမှုများကို ပိုမိုပြောင်းလဲလာနိုင်မည်ဖြစ်သည်။

WVL Myanmar ကို ဘယ်သူက ထောက်ပံ့ပါသလဲ။
WVL Myanmar ကို Global Affairs Canada ကထောက်ပံ့နေပါသည်။ Global Affairs Canada သည် မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုများနှင့် လှုပ်ရှားနေသည့်အဖွဲ့အစည်းများကို ထောက်ပံ့ရန် ကနေဒါဒေါ်လာ (၄.၈)သန်း ကို ရက်ရောစွာ လှူဒါန်းထားပါသည်။
Women’s Voice and Leadership သည် ကနေဒါနိုင်ငံ၏ နိုင်ငံတကာ ကျား၊မ တန်းတူညီမျှရန် ကူညီရေးမူဝါဒ အောက်တွင်ပါဝင်ပြီး လက်ရှိ နိုင်ငံ (၃ဝ) နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ Global Affairs Canada က Women’s Voice and Leadership စီမံကိန်းကို ကမ္ဘာအနှံ့မှာ ဘယ်လိုကူညီနေကြောင်း သိရှိလိုပါက
ဤဝက်ဘ်စာမျက်နှာသို့သွားပါ။
ဤဝက်ဘ်စာမျက်နှာသို့သွားပါ။
The WVL Myanmar Team
WVL Myanmar သည် စီမံကိန်း ၏ ရန်ပုံငွေထုတ်ပေးမှု၊ ပူးတွဲလုပ်ကိုင်သူများကို ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် အကဲဖြတ်ဆန်းစစ်မှု၊ ပဋိပက္ခဖြစ်လွယ်မှုအလေးထားမှု၊ အန္တရာယ်ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲရန်အစီအစဉ်ရေးဆွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှု အစရှိသည့် နေ့စဉ် လုပ်ငန်းစဉ်များကို တာဝန်ယူလုပ်ကိုင်သည့် အချိန်ပြည့်အုပ်ချုပ်ရေးအဖွဲ့ကို ရန်ကုန်မြို့တွင်ထားရှိပါသည်။ WVL Myanmar အဖွဲ့သည် သင်တို့၏ အဆိုပြုလွှာလျှောက်ခြင်း၊ အစီအစဉ် အကောင်အထည်ဖော်ရာတွင် ကူညီထောက်ပံ့ခြင်းနှင့် အခြားမေးခွန်းများအတွက် ကူညီရန် အဆင်သင့်ရှိပါသည်။
ကျွန်ုပ်တို့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ဆက်သွယ်ရန်စာမျက်နှာ တွင်ကြည့်နိုင်ပါသည်။ WVL Myanmar နှင့် ကျွန်ုပ်တို့၏ စိတ်လှုပ်ရှားစရာကောင်းသော အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု ရန်ပုံငွေနှင့်ထောက်ပံ့မှု နှင့် ပက်သက်သည့် မေးခွန်းများ ရှိပါက ဆက်သွယ်ရန် ဖိတ်ခေါ်လိုပါသည်။

WVL Myanmar ကို ဘယ်သူစီမံခန့်ခွဲပါသလဲ။
WVL Myanmar သည် Nordic International Support Foundation (NIS) လက်အောက်ရှိ
မြန်မာနိုင်ငံ၏အစီအစဉ် (၄)ခု မှ တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏အစီအစဉ် (၄)ခု မှ တစ်ခုဖြစ်ပါသည်။
NIS သည် နော်ဝေးနိုင်ငံတွင် မှတ်ပုံတင်ထားသော ပဋိပက္ခဖြစ်နေသော၊ ပဋိပက္ခဖြစ်ပြီးသာ နေရာများတွင် တည်ငြိမ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ NIS ၏ အဓိက ပါဝင် စွက်ဖက်သော ကဏ္ဍများမှာ အဖွဲ့အစည်းဆိုင်ရာ ဖွံ့တိုးတက်မှု၊ ပြည်သူ့ဝန်ဆောင်မှုပေးအပ် ခြင်းနှင့် ပဋိပက္ခဖြေရှင်းမှုများ ဖြစ်ပါသည်။